ချီလီ

အကဲဖြတ်သည့်ရွေးကောက်ပွဲကာလ။ ။၂၀၁၃၊ နိုဝင်ဘာလ (၁၇) ရက် သမ္မတ၊ ပါလီမန်နှင့် ဒေသကောင်စီဝန်များ ရွေးကောက်ပွဲ

ပါတီ/ကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်း။ ချီလီနိုင်ငံသည် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ၏ မှတ်ပုံတင်ခြင်း အောင်မြင်မှု ရှိ၊မရှိကို ဖော်ပြသည့် အချက်အလက်များ ထုတ်ပြန်ရာတွင် နမူကောင်း တစ်ခုဖြစ်သည်။[1] အားလုံး၏ မှတ်ပုံတင်ခြင်း အောင်မြင်မှုရှိ မရှိ အခြေအနေကိုပြသည့် စာရင်းအပြည့်အစုံ သာမက ဒေသကောင်စီဝန်ရာထူး ကိုယ်စားလှယ်လောင်းများအတွက် မှတ်ပုံတင် မအောင်ခဲ့လျှင် မအောင်ခဲ့ခြင်း အကြောင်းအရင်းကိုပါ ဖော်ပြပေးသည်။ ဤကဲ့သို့ ထုတ်ပြန်ခြင်းသည် ယင်းဒေသအတွင်းမှာသာမက ကမ္ဘာတစ်ဝှမ်းလုံးတွင်ပါ ဖြစ်ခဲသည့် ကိစ္စဖြစ်သည်။ မှတ်ပုံတင်မှု မအောင်မြင်ခြင်း အပေါ် အချက်အလက်များကို မူပိုင်ခွင့်မဲ့သည့် format (PDF) ဖြင့်ထုတ်ပြန်သော်လည်း ခွဲခြမ်းစိတ်ဖြာ၍ကား မရပေ (ဓာတ်ပုံ file ဖြစ်နေသည့်အတွက်)။

ရွေးကောက်ပွဲရလဒ်များ။ ချီလီနိုင်ငံသည် နောက်ဆုံးရွေးကောက်ပွဲရလာဒ်များကို ပွင့်လင်းသတင်းအချက်အလက် အဖြစ် ထုတ်ပြန်ရာတွင် စံထားရမည့် နိုင်ငံဖြစ်သည်။ နောက်ဆုံးရလဒ်များကို အလွယ်တကူ ရှာဖွေ၍ ရနိုင် (discoverable ဖြစ်) သည့်အပြင် မူလအဆင့်အထိ (မဲရုံအဆင့်ထိ) ထုတ်ပြန်ပေးသည်။ အချက်အလက်များကို download ချနိုင်သည့် format မှာ ပြီးပြည့်စုံ၊ တစ်စုတစည်းတည်းလည်းကျ၊ ခွဲခြမ်းစိတ်ဖြာ၍လည်းရနိုင်သော်လည်း မူပိုင်ခွင့်တော့ရှိသည် (Excel )။


  1. အချက်အလက်များကို ရယူရန် ဘယ်ဘက် sidebar ပေါ်ရှိ"Resoluciones de aceptación y rechazo de candidaturas" ကို ကလစ်နှိပ်ပါ။ ↩︎