ရွေးကောက်ပွဲများသည် ရှုပ်ထွေးပြီး အဆင့်များစွာ ပါဝင်သည့် ဖြစ်စဉ်များ ဖြစ်ကြသည်။ ရွေးကောက်ပွဲ သတင်း အချက်အလက် ဆိုသည်မှာ ရွေးကောက်ပွဲ စက်ဝိုင်းတစ်ခုလုံးရှိ ဖြစ်စဉ်အဆင့်အားလုံးနှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များကို ရည်ညွှန်းသည်။[1] အပိုင်း (၂) တွင် ဖော်ပြခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်း သတင်း အချက်အလက်မူများ သည် ရွေးကောက်ပွဲ သတင်းအချက်အလက် အမျိုးအစားအားလုံးနှင့် သက်ဆိုင်သည်။ သတင်း အချက်အလက် အမျိုးအစားအပေါ် မူတည်၍ လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အခြေအနေအပေါ် မူတည်၍ လည်းကောင်း ပွင့်လင်းမှုများအား လက်တွေ့ကျင့်သုံးမှု သည် တစ်နေရာနှင့် တစ်နေရာ တူမည်မဟုတ်သည်ကို မှတ်သားရမည်။ ပွင့်လင်းသတင်းအချက်မူများသည် လက်တွေ့ရွေးကောက်ပွဲ သတင်းအချက်အလက်များတွင် မည်သို့မည်ပုံ အကျုံးဝင်သည်ကို အပိုင်း (၄) ပွင့်လင်းရွေးကောက်ပွဲသတင်းအချက်အလက် လက်တွေ့ကျင့်သုံးခြင်း၊ တောင်အမေရိကတိုက်မှ နမှုနာများ တွင် အကျယ်တဝင့် ဆွေးနွေးထားသည်။
ဤအပိုင်းတွင် ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲလွန် ကာလသုံးခုလုံးနှင့် အကျုံးဝင်သည့် ရွေးကောက်ပွဲ အချက်အလက် ကဏ္ဍ (၁၆) ခုအား ဖော်ပြထားသည်။ ဤအပိုင်းတွင် ကဏ္ဍတစ်ခုချင်းစီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကဏ္ဍတစ်ခုချင်းစီနှင့် အခန်း (၁) ဖော်ပြခဲ့သည့် ရွေးကောက်ပွဲ သမာသမတ်ကျမှု မူများ ဆက်စပ်ပုံများအား ရှင်းပြချက်၊ ကဏ္ဍတစ်ခုချင်းစီအတွက် အကျုံးဝင်သည့် သတင်းအချက်အလက် အမျိုးအစား ဖော်ပြချက်များ ပါဝင်သည်။ ဖော်ပြထားသည့် ကဏ္ဍရပ်များမှာ