ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များ၏ စွမ်းပကားကို ဖော်ထုတ်ခြင်း


အပိုင်း ၂၊ ရွေးကောက်ပွဲဆိုင်ရာ ပွင့်လင်းသတင်းအချက်အလက် မူများ

မူ (၃)။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များသည် အင်တာနက်တွင် အခမဲ့ရနိုင်သည့်အခါ ပွင့်လင်းမြင်သာမှုရှိသည်။

Available for free on the internet

လူအများနားလည်ထားပြီးဖြစ်သည်ဟု ယူဆရသော်လည်း ဖော်ပြရန်လိုအပ်သည့် နောက်တစ်ချက်မှာ ပွင့်လင်းမြင်သာသည့် သတင်းအချက်အလက်များသည် အခမဲ့ ရရှိနိုင်ရမည် ဟူသည့်အချက်ပင်။ နောက်တစ်နည်းဖြင့်ပြောရလျှင် ပွင့်လင်း သတင်းအချက်အလက်များအား ငွေကြေးအရ အကန့်အသတ် တစ်စုံတစ်ရာ မရှိဘဲ ရရှိနိုင်ရမည်။ အင်တာနက်တွင် အခမဲ့ရနိုင်ရမည်ဟူသည့် မူအား တစ်ခါတစ်ရံတွင် လက်လှမ်းမီသည့် ပွင့်လင်းသတင်းအချက်အလက်များ ဟူ၍ အတိုကောက်ဖြင့် ရည်ညွှန်းပြောဆိုတတ်ကြသည်။ ပြည်သူများသည် အစိုးရအကြောင်း သို့မဟုတ် အစိုးရမူဝါဒတို့အကြောင်း သတင်းအချက်အလက်များ ရလိုသည့်အခါ အင်တာနက်တွင် ရှာဖွေတတ်ကြကြောင်းလည်း လေ့လာမှုတချို့က ဆိုထားသည်။[1] ထို့ကြောင့် ရွေးကောက်ပွဲအကြောင်း သတင်းအချက်အလက်များအား အင်တာနက်တွင် ထုတ်ပြန်ခြင်းသည် ယင်းတို့အား လက်လှမ်းမီစေရန်၊ ပွင့်လင်းမြင်သာစေရန် ပြုလုပ်နိုင်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ ရွေးကောက်ပွဲ စီမံကျင်းပရေးအဖွဲ့အစည်းအများစုသည် ရွေးကောက်ပွဲ သတင်းအချက်အလက်တစ်မျိုးမျိုးအား သူတို့၏ အင်တာနက် website များတွင် အခမဲ့ယူနိုင်ရန် ထုတ်ပြန်နေကြပြီးဖြစ်သည်။ အင်တာနက်မကောင်းသည့်၊ မရနိုင်သည့် နေရာများတွင် နိုင်ငံသားပြည်သူများသည် စီဒီချပ်များဖြင့်သော်လည်းကောင်း thumb drive များဖြင့်သော်လည်းကောင်း တောင်းယူနိုင်ကြသည်။ ယင်းအခြေအနေများတွင် ရွေးကောက်ပွဲစီမံကျင်းပရေး အဖွဲ့အစည်းများအနေဖြင့်လည်း သတင်းအချက်အလက် ပေးနိုင်ရန် လိုအပ်သည်များ စီစဉ်ထားရှိရပေမည်။

အင်တာနက်တွင် ရနိုင်သည်ဆိုရာတွင် သတင်းအချက်အလက်များအား အလွယ်တကူရှာဖွေနိုင်ရမည် ဟူသည့် သဘောလည်း ပါဝင်နေသည်။ ရွေးကောက်ပွဲအချက်အလက်များအား ကောင်းမွန်စွာ ခေါင်းစဉ်တပ်ထားခြင်း၊ sitemap များတွင် စာရင်းပြုစုပေးထားခြင်း၊ လူသိများသည့် နေရာများတွင် သိမ်းထားခြင်းဖြင့် အသုံးပြုသူများ အလွယ်တကူ ရှာတွေ့နိုင်စေမည်။ သက်ဆိုင်သည့် လင့်ခ်များအားလည်း အမြဲတမ်း တည်နေစေခြင်းဖြင့် အသုံးပြုသူများ လွယ်လင့်တကူ ပြန်သွားပြန်လာနိုင်မည့်အပြင် အခြားစိတ်ဝင်စားသူများအားလည်း ရည်ညွှန်းနိုင်မည်ဖြစ်သည်။ လင့်ခ်ပြောင်းသွားလျှင် မူရင်းနေရာညွှန်ပြသည့် လင့်ခ်များ ပြောင်းသွားပြီး bookmark စသည်လုပ်ထားလျှင်လည်း အသစ်တဖန် ပြန်လည်ရှာဖွေရပေတော့မည်။ ဆန်းလိုက် ဖောင်ဒေးရှင်းသည် သူတို့၏ ပွင့်လင်းသတင်းအချက်အလက် မူဝါလမ်းညွန်ချက်များ တွင် သတင်းအချက်အလက်များ၊ ယင်းနှင့်ဆက်စပ်သည် မူဝါဒများအား ထုတ်ပြန်ရန် ဗဟိုနေရာတစ်ခုထားသင့်ကြောင့်အကြံပြုထားသည်။ ဥပမာပြရလျှင် အာဂျင်တီးနားအစိုးရသည် ရွေးကောက်ပွဲရလာဒ်များ အပါအဝင် ပြည်သူ့ သတင်းအချက်အလက် ကဒ်တလောက် ပါသည့် အွန်လိုင်း ပေါ်တယ်တစ်ခု ပြလုပ်ထားသည်။ အသုံးပြုသူတစ်ဦး အနေဖြင့် ခေါင်းစဉ်အလိုက်၊ သတင်းအရင်းအမြစ်အလိုက်၊ format ပုံစံ အလိုက် (csv၊ txt၊ pdf စသည်ဖြင့်)၊ လိုင်စင်အမျိုးအစားအလိုက် ကဒ်တလောက်အားရှာဖွေလျှက် သတင်းအချက်အလက်များအား လိုသလို ရှာနိုင်သည်။ ပေါ်တယ်များ၊ ၄င်းနှင့်ဆင်တူသည့် website များသည် သတင်းအချက်အလက်များအား ရှာဖွေရန် လွယ်ကူစေသည်။ အကြောင်းမှာ သတင်းအချက်အလက် အမျိုးမျိုးအတွက် ဝင်ရောက် ကြည့်ရှုရန် လွယ်ကူသည့် ရှာ၍ရနိုင်သည့် ဗဟိုအချက်အချာ ဖြစ်နေခြင်းပင်။[2]"

  1. The Pew ၏ အွန်လိုင်းအစိုးရ ဟု အမည်ရသည့် ၂၀၁၀ အစီရင်ခံစာသည် နိုင်ငံသားများ အင်တာနက်ကို မည်ကဲ့သို့ အသုံးပြုကာ ပြည်သူ့အင်စတီကျူးရှင်းများနှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ရယူခြင်းကို ပထမဦးဆုံး လေ့လာခဲ့သည့် လေ့လာမှုများထဲတွင် ပါဝင်သည်။
  2. The Sunlight Foundation's Open Data Policy Guidelines လမ်းညွှန်ချက် အမှတ် ၁၈

Facebook
Twitter
Instagram
Youtube
Tumblr