မူ (၇)။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များသည် ခွဲခြားမှုကင်းပြီး လူတိုင်းရနိုင်သည့်အခါ ပွင်လင်းမြင်သာမှု ရှိသည်

Non-discriminatory

ခွဲခြားမှုကင်းသည့် ရွေးကောက်ပွဲ အချက်အလက်ဟူသည်မှာ ၄င်းအားအသုံးပြုရန် အကန့်အသတ် တစ်စုံတစ်ရာ မရှိခြင်းပင်။ ပွင့်လင်း သတင်းအချက်အလက် ဟူသည် အသုံးပြုသူမရှိလျှင် ဘာမှ အသုံးဝင်တော့မည် မဟုတ်ပေ။ ရွေးကောက်ပွဲအချက်အလက်များအား အပြည့်အဝ အသုံးချနိုင်ရန် အလို့ငှာ ၄င်းအချက်အလက်များသည် လူတစ်ဦးချင်း၊ အဖွဲ့အစည်းများ၏ နောက်ခံကိုယ်ရေးအချက်များ၊ ရည်ရွယ်ချက်များကို ပဓာန မထားဘဲ အကန့်အသတ်မဲ့ တပြေးညီ ရရှိနိုင်ရမည်။ သာဓက ပြရလျှင် အကန့်အသတ်မဲ့ ဆိုသည်မှာ အချက်အလက်များအား ရယူရန်အတွက် အသုံးပြုသူများ အနေဖြင့် မှတ်ပုံတင်ရန် လိုအပ်ခြင်းများ၊ application လိုအပ်ချက်များ မရှိခြင်းကို ဆိုလိုသည်။ အချက်အလက်များ တောင်းယူရာတွင် အမည်ဖော်ပြရန် မလိုခြင်းသည်လည်း ယင်းအချက်အလက်များအား ပွင့်လင်းမြင်သာပြီး အများပိုင် ဖြစ်စေရာတွင် အရေးကြီးသည်။ အကယ်၍ ရွေးကောက်ပွဲ စီမံကျင်းပရေး အဖွဲ့အစည်းတစ်ခုသည် အသုံးပြုသူများအား မှတ်ပုံတင်ရန် လိုအပ်ခြင်း၊ ပုဂ္ဂိုလ်ရေး အချက်အလက်များ ကောက်ယူပါက နောင်တွင် ယင်းအဖွဲ့အစည်း၏ လက်တုံ့ပြန်ခြင်းအား အသုံးပြုသူများခံရနိုင်သည်။